April 29, 2011

Microsoft Security Essentials


ဘလော့ဝင်လို့ မရတဲ့ အခြေအနေတွေကြောင့် ပို့စ် အသစ် မတင်ဖြစ်တာ လနှင့်ပင် ချီပြီ ဆိုရမည်။ စိတ်က ရှိသော်လည်း မိမိလုပ်၍ မရသော အခြေအနေများကြောင့် မရေးနိုင်ခဲ့ခြင်း ဖြစ်၏။ ဒီကြားထဲ အလုပ်ကိစ္စများစွာ အပြင် virus တွေနဲ့ နပန်းလုံးခဲ့ရပါတယ်။

virus က ကြီးကြီးမားမားတော့ အန္တရာယ် မပေးပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်ရပါတယ်။ ထုံးစံအတိုင်း အင်တာနက်က ရှာဖွေမိတယ်။ Microsoft Website မှာ Microsoft security essentials
ဆိုပြီး သွားတွေ့တယ်။ software က free ပေးထားတော့ စိတ်ဝင်စားပြီး သုံးကြည့်တာ အဆင်ပြေတယ် ဆိုရမယ်။ Virus, Spyware, Malicious Software တွေ့ကို စောင့်ကြည့်ပြီး ဖယ်ရှားပေးပါတယ်။ USB Disk security tool နဲ့ ခပ်ဆင်ဆင်ပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် PC တိုင်းမှာ ရှိသင့်ပါတယ်။ ကိုယ်မသိတဲ့၊ ကိုယ်မမြင်ရတဲ့ virus နဲ့ spyware တွေကို ကာကွယ်ပေးပြီး ရှင်းလင်းပေးပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဒီလင့်မှာ ဖတ်ပြီး Download လုပ်ယူနိုင်ပါတယ်။

မောင်စေတနာ

April 25, 2011

Photo to Change from Folder


မိတ်ဆွေတစ်ယောက်က မေးတယ်။ Folder တွေမှာ မိမိရဲ့ ဓါတ်ပုံလေးနဲ့ အစားထိုးချင်တယ်။ ရလား။ သိပ်ရသပေါ့ ကိုယ့်လူရာ လို့ ပြောပြီး လုပ်ပြလိုက်တယ်။ မိတ်ဆွေလဲ တော်တော် ကျေနပ်သွားတယ်။ စာဖတ်သူများလဲ လုပ်ချင်ရင် အောက်နည်းအတိုင်းသာ လုပ်ပေတော့။


အဆင့်(၁)

၁) Start က All Programs ကနေ Paint ကို ဖွင့်ပါ။
၂) Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။
၃) ဓါတ်ပုံပေါ်လာရင် Save As လုပ်။ Save As Box ပေါ်လာရင် File name မှာ ပေးချင်ရာပေး။ နောက်က ico လေး ထည့်ပေး။ (ဥပမာ - myphoto.ico ပေါ့)
၎) Save as type မှာ 24-bit Bitmap (*bmp,*dib) ကိုရွေးပြီး မိမိနှစ်သက်ရာမှာ Save လိုက်ပါ။

အဆင့်(၂)

၁) မိမိတို့ ပြောင်းချင်တဲ့ Folder ကို Right Click လုပ်ပါ။ Properties ကို ရွေး။
၂) Box ကျလာရင် Costoumize ကို ရွေး။ Change Icon ကို နှိပ်။ Brown ထဲမှာ ပထမက မိမိတို့လုပ်ထားတဲ့ ပုံကို ရွေးလိုက်။
၃) Ok ။ Apply ။ Ok ပေါ့။ ဒါဆို ပြီးပြီ။

(မောင်စေတနာမှ ရသည်။)

April 13, 2011

၂၀၁၁ မလေးရှားသင်္ကြန်(ပီနန်)
 
၂၀၁၁ မလေးရှားသင်္ကြန်(ပီနန်)