|
July 09, 2011
James Blunt - You`re Beautiful
window 7 အတွက် ZawGyi Installer and Zawgyi_Keyboard_L
window 7 တင်ထားတဲ့ စက်တွေမှာ မြန်မာဖောင့် တင်လို့မရတာ ကြုံတွေ့ရပါတယ်။ အထူးသဖြင့် Hp စက်များမှာ ဖြစ်တတ်ပါတယ်။ အဲဒီပြဿနာတွေကို အခု installer & Keyboard လေးက ဖြေရှင်းပေးပါတယ်။
ဇော်ဂျီအင်စတောလာကို အရင်ဦးဆုံး run ရပါမယ်။ ပြီးမှ ကီးဘုတ် ကို run ရပါမယ်။ အောက်မှာယူလိုက်ပါ...
အဆင်ပြေကြပါစေဗျာ။
ဂျီတော့တွင် မြန်မာစာမပေါ်ခြင်း ပြဿနာ
ဒီပြဿနာက ခဏ ခဏ ဖြေရှင်းပေးရပေါင်းများလို့ ဒီမှာ ပို့စ်ရေးပြီး ဒီနေရာကို ညွှန်းပေးလိုက်တယ်... ဘာလို့လဲဆိုတော့ ဂျီတော့ အသုံးပြုသူတွေဟာ ကိုယ်ရဲ့ကွန်ပျူတာ ဘာဖြစ်တယ်ဆိုတာ သေချာမသိကြပါဘူး
အဲဒီလိုဖြစ်ရတာက IE Update လုပ်လိုက်လို့ ဖြစ်ရတာပါ။ ကျွန်တော်လည်း အစတုန်းက တော်တော်ကို တိုင်ပတ်တာ နောက်မှ သေချာပြန်စဉ်းစားမှ IE ကို သတိရတယ်...
ဖြေရှင်းပုံက လွယ်ပါတယ်။ IE ကို ဖွင့်လိုက်ပါ၊ ဒီနေရာမှာ ကျွန်တော်က IE မသုံးဘူး၊FireFox ပဲ သုံးတယ်လို့ စောဒက မတက်ပါနဲ့။ ပြန် ပြန်မေးကြတယ် ဘာလို့လဲတဲ့။ လိုအပ်လို့ပေါ့။ အဲဒီမှာ သွားမပြင်ရင် မြန်မာစာကို မြင်ရမှာ မဟုတ်ပါဘူး။
IE ကို ဖွင့်ပြီးသွားရင် အပေါ် ညာဘက်ထောင့်မှာ စက်သွားပုံလေးနဲ့ Tools ဆိုကို နှိပ်လိုက်ရင် ကျလာတဲ့ ဇယားကွက်ထဲက အောက်ဆုံး ဒုတိယမြောက်မှာ ရှိတဲ့ Internetoptions ကို ထပ်နှိပ်ရပါမယ်။ နှိပ်လိုက်ရင် ဇယားကွက် တစ်ကွက်ထပ်ကျလာမယ်။ အဲဒီဇယားကွက်ထဲမှာ အောက်နားလေးမှာ Fonts ဆိုတဲ့ အကွက်လေးကို နှိပ်လိုက်ရင် ထပ်ကျလာတဲ့ ဇယားကွက်ထဲမှာ မြန်မာ fonts ဖြစ်တဲ့ Zawgyi-One ကို ရွေးလိုက်ပါ အဆင်ပြေပါပြီ။ တခြား ဘာမှ ပြင်စရာ မလိုပါဘူး။
Subscribe to:
Posts (Atom)