April 02, 2011

ရင်ထဲကအလွမ်း

အချစ်ဦး နှလုံးသားထဲမှာတမ်းတ
အရင်ကမင်းနဲ့အတူ ပျော်ရွှင်ကြည်နူးမှု့လေးတွေ
စိတ်ထဲမှာ မေ့လို့မရ
မင်းရဲ့ ချိုမြိန်တဲ့ စကားသံနဲ့ အနမ်းလေးတွေ
တိုက်ဆိုင်မှု့တွေ မရှိတိုင်းလည်း
သတိတွေက အမြဲရ
ကြာခဲ့ပြီလို့ဆိုပေမယ့် ငါ့ရင်ထဲမှာတော့ မေ့လို့မရ
ကိုယ်စီရင်ထဲမှာ အလွမ်းတွေအပြည့်နဲ့
ဒီအလွမ်းတွေကို ဖော်ထုတ်ခွင့်မရအောင်
ဘယ်အရာတွေက တားဆီးခဲ့လဲ
ငွေ၊ အချိန် ဂုဏ်တွေလား..
ဒီအရာတွေက ဒို့နှစ်ယောက်ကို
ဝေးကွာအောင်လုပ်နိုင်ခဲ့တယ်
ဒါပေမယ့် ရင်ထဲကအလွမ်းတွေကတော့
အမြဲထာဝရ ရှိနေမှာပါ
နှလုံးသားနဲ့ ဦးနှောက် လွန်ဆွဲပွဲမှာ
ဒီရင်ထဲက အလွမ်းတွေကို
ကြိတ်မှိတ်မြိုသိပ်ထားခဲ့ရပြီလေ....

No comments:

Post a Comment