April 03, 2011

A to Z

အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
A……..ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့
နာဂစ်ဆိုင်ကလုန်းလေမုန် တိုင်းလို ကြီးမားပါရဲ့ မေရယ်.....။မေ့ရဲ့ ပတ်ဝန်းကျင်မှာ

B……..လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ ..ဟင်း ..ဟင်း ..၀ီစကီထဲ

C……..ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို ဟော

D……..ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့ မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့

E……..သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး

F……..ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။ ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို ပိုင်ပိုင်နှိင်နှိင် ရှိုက်နမ်း မွှေးကြူခွင့်ပြုပါ။ သည်လိုတောင်းဆို
လိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ

G……..ကျတဲ့ သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် .ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ သက်သက်ပြီး

H……..ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊ တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို

I…….. တွေ တိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု

J……..ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ၊ ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့

K……..၀ဋ် ပုဏ္ဍားတောင် လက်မြှောက် အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊ ကိုယ်ဟာမေ့ရဲ့

L…….. စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ ကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ ချစ်တဲ့အကြောင်းဖွင့် M……..ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊
ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။မေရယ် .......

N……..ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ။
ကိုယ်ဟာ မေ့အပေါ်

O……..မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ်သူပါ၊သည်လိုမျိုး မေ့ အပေါ်ထားတဲ့သစ္စာမ

P……..ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့

Q……..ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ

R……..တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး S……..ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို

T……..တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ ပြန်

U……..ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။သည်စာကို ပင်လယ်က

V……..ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့

W……..ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊ နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ

X……..ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ....... မေ။ သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။အဲ ....... တစ်ခုတော့ ရှိတယ်။ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး
ဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်

Y……..နဲ့ ပိုးသတ်ဆေး သောက်ရင်း

Z……..ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်မေ ´´

No comments:

Post a Comment